အဆောက်အဦနည်းပညာဌာန
အစိုးရနည်းပညာအထက်တန်းကျောင်း(ပူတာအို)၊ အဆောက်အဦနည်းပညာဌာနမှ နွေးထွေးပျူငှာစွာ ကြိုဆိုပါသည်။ ဤဌာနသည် အင်ဂျင်နီယာဆိုင်ရာပုံဆွဲဘာသာရပ်၊ မြေတိုင်းခြင်းဘာသာရပ် နှင့် အဆောက်အဦသုံးပစ္စည်းများနှင့်တည်ဆောက်ပုံ စသော အဆောက်အဦဆိုင်ရာအခြေခံသဘောတရားများကို လေ့လာရသောနယ်ပယ်ဖြစ်သည်။ သီအိုရီနှင့်လက်တွေ့ နှစ်မျိုးလုံးကို လေ့လာသင်ယူနိုင်မှာဖြစ်သည်။ ပုံမှန်သင်တန်း နှင့် ကာလတိုသင်တန်းများကို ဖွင့်လှစ်ထားသည်။ ၈တန်းအောင်ကျောင်းသား/သူများ တက်ရောက်နိုင်သည်။ ဒုတိယနှစ်တွင် ကျောင်းသား/သူများသည် သတ်မှတ်ထားသော အရည်အချင်းပြည့်မှီစွာ အောင်မြင်လျှင် အစိုးရစက်မှုလက်မှုသိပ္ပံသို့ ဆက်လက်တက်ရောက်နိုင်သည်။ ဤဌာနသည် ကျောင်းသား/သူများအတွက် သီအိုရီများကိုနားလည်သဘောပေါက်၍ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာအသုံးချတတ်စေရန် နှင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်စေရန် လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရန် ရည်ရွယ်ထားပါသည်။
အဆောက်အဦနည်းပညာဌာနမှ ဝန်ထမ်းအင်းအားစာရင်း
စဉ် | အမည် | ပညာအရည်အချင်း | ရာထူး |
---|---|---|---|
၁ | ဒေါ်သင်းသင်းအောင် | BE(Civil)Q | လ/ထ ကထိက |
၂ | ဒေါ်ဇမီအွမ်း | G.T.I (Civil) | ဓာတ်ခွဲကျွမ်းကျင်(၄) |
၃ | ဒေါ်ဘန်ကျူထငန်းဇီ | G.T.I (Civil) | ဓာတ်ခွဲကျွမ်းကျင်(၄) |